ဘလော့ဂင်းကို ခေတ္တရပ်ဆိုင်းခြင်း

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ.. အားပေးတာ ကျေးဇူးတင် ပါတယ်ရှင့်။

လိုအပ်သည်များကို အကြံပေးနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ချို့  ယွင်းချက်တွေ့ ရင် အမှားထောက်ပြနိုင်ပါတယ်။

မအားလပ်သဖြင့် ဘလော့ဂင်းခြင်းကို နားထားပြီး လိုအပ်တဲ့အခါ အားလပ်တဲ့ အခါ မှာမှ ပြန်လည် ရေးသား ပါမယ်လို့  ပြောကြားရင်း နုတ်ဆက်လိုက်ပါတယ်။

ကျေးဇူးတင်လျက်
saundoo@gmail.com
ညီမငယ်ရေ
တခါတလေကျရင် စိတ်ညစ်စရာတွေ စုပုံလာတဲ့အခါ ကိုယ့်ရဲ့ယူဆချက်တွေ အပြုအမှုတွေ ဟာ စိတ်ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းတတ်ပါတယ်။ ဒီအချိန်မှာ ညီမ မှာ စိတ်သောက ရောက်သလို စိတ်ဒေါသ ပွားနေမှာပါ။ စိတ်ထဲ မကျေနပ်တာဖြစ်ရတိုင်း တမင်တကာ လုပ်တာမဟုတ်ဘဲ မထင်မှတ်ဘဲ စိတ်ထွက်ပေါက်လို ပေါက်ကွဲတတ်တာ နားလည်ပေးပါတယ်။ အဲဒီလို အခါမှာ တခုခုကို အာရုံပြောင်းလိုက်ပါ။ ဈေးပေါပေါ ခွက်တွေ ၀ယ်ပြီး ကိုင်ပေါက် ရိုက်ခွဲတာတို့ စာရွက်တွေ ဆုပ်ဖြဲပြီး ပစ်ပေါက်တာ တို့  သီချင်းအော်ဟစ် ဆိုလိုက်တာတို့  ခံစားချက်တွေကို စာမူအဖြစ်ပြောင်းလိုက်တာတို့  လုပ်လိုက်ရင် ခံစားချက် သက်သာမယ် ထင်တယ်။ သတင်းထဲမှာ ဖတ်ဖူးလို့ ပါ။ အဲဒါက ဂျပန်က ဆိုင်တခုပါ။ ပုဂံတွေ ကို အပုံလိုက်ရောင်းတယ်။ ဆိုင်ဒေါင့်တနေရာမှာ ပစ်ပေါက်ဖို့ နေရာလုပ်ပေး ထားတယ်။ အလုပ်ထဲ မိသားစုထဲမှာ မကျေနပ်တာတွေ အော်ဟစ်ပြီး ပုဂံတွေ ပစ်ပေါက်လို့ ရတဲ့ ဆိုင်တဲ့။ နံရံကြီးကို မကျေနပ်တဲ့ မန်နေဂျာလို့ သဘောထားပြီး ပုဂံနဲ့ ပစ်ပေါက်ရတာ တခုခုတော့ ပေါ့သွားမှာပါဘဲ။ တကယ်ဆိုင်ရှိမရှိ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါလဲ ထွက်ပေါက်တခုဘဲ ဆိုတော့ ကောင်းသားလို့ ယူဆမိလို့ အကြံပေးတာနော်။

(အဆိုကျော်တွေ အသည်းကွဲရင် သီချင်းဆိုတယ်။ သီချင်းလည်း အောင်မြင် သူတို့ လည်း ငွေရ။ စာရေးဆရာတွေကျတော့ စာရေးတယ်။ စာမူလည်း ရောင်းရ ငွေလည်းရ ။ မဆိုးဘူး မဟုတ်လား။ ဟင်းဟင်း စိတ်သက်သာအောင် ပြောနေတာပါ ညီမရေ။၊

ဒါပေမဲ့ ညီမရယ် ရန်ကုန်မှာက အဆက်သွယ် မကောင်းဘူး မဟုတ်လား။ နက်ပေါ်သွားဖို့ ကျတော့လည်း ဆိုင်ကို တကူးတက သွားရတယ်လေ။ ဒါကြောင့် ညီမတို့ မမတို့ လို ကိုယ့်အိမ်အခန်းထဲမှာ နက်မရှိတော့ ဆက်သွယ် ဖို့  မလွယ်တာလို့ ဘဲ ယူဆလိုက်ပါကွယ်။ သွားပြန်တော့လည်း သုံးခ ပေးရတာ နမျှောနေမယ် ထင်ပါတယ်လေ။
စာရေးဖို့ ကျတော့လည်း ဒီအတိုင်းပါဘဲ။ ရေးဖို့ စာမစီတတ်တာနဲ့  ဘာရေးရမှန်းမသိတာနဲ့  မရေးဖြစ်ကြတာ ဖြစ်မှာပါ။ ညီမကို စွန့် ပစ်ထားတယ်လို့ တော့ မထင်လိုက်ပါနဲ့ နော်။ မိဘ က သားသမီးကို စွန့် ပစ်ရိုးမရှိပါဘူးကွယ်။

အခုအချိန်မှာ ညီမ စိတ်တွေ အရမ်းဗြောင်းဆန်နေတော့ တော်ရုံတန်ရုံ စကားပြောလဲ ညီမ အနေနဲ့ ရင်ထဲကအခံနဲ့  အပြစ်မြင်တာမျိုး အော်မိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ညီမက တိုဖြောင့်ဆိုသလို ကိုယ်စိတ်ရင်းကောင်းပြီး စိတ်ထဲက မကြည်လင်လို့  အော်မိတာကိုနားလည်ပေးပါတယ်။ ဒါပေမဲ့ ညီမ မှာ ကြီးတဲ့သူကို ပြန်အော်လို့  အပြစ်ဖြစ် သွားမှာစိုးလို့ သတိပေးတာပါ။

ညီမအနားလာပြီး အားပေးချင်ပါတယ်။ ကိုယ်ကိုယ်တိုင်က လည်း အဆင်မပြေသေးတော့ ဘာမှ အားမပေးနိုင်သေး တဲ့အတွက် အခုလို ပို့စ်နဲ့ ဘဲ အားပေးလိုက်ပါတယ်။

(မမကိုယ်တိုင်လည်း အဆင်ပြေလာတဲ့ တနေ့ ကျမှ ညီမ ကို ပြန်ဆက်သွယ်ပါမယ်။)

စိတ်မာတဲ့ ညီမလေးမှာ မမရဲ့ အားပေးစကားတွေ မလိုဘူး ဆိုတာ သိပါတယ်။ သို့ သော်လည်း မမရင်ထဲက တကယ် စိတ်မကောင်းလို့ အခုလို ရေးတာပါ။

မမညီမလေး စိတ်အေးချမ်းသာခြင်းပြည့်စုံပါစေ။ အခက်ခဲတွေ ကျော်လွှားနိုင်ပါစေလို့ ။

မမ

ညီမငယ် ရွှန်းမီ လေးက ပူဆာတော့ ရေးဖြစ်ပါတယ်။



1. What is your name : Saund ကျွန်မ ကလောင်နာမည် ၃လုံး ထဲက အရှေ့ ဆုံး စာသားဖြစ်တဲ့ ဆောင်း ကို ယူပြီး ဘလော့ ရေးပါတယ်။

2. A four Letter Word : +၁ ဆိုရင် Saund. Saung ဆိုတဲ့ အိုင်ဒီ သူများသုံးထားတဲ့အတွက် Saund လို့ ယူပြီး အိုင်ဒီလုပ်ပါတယ်။

(3. A boy's Name : NA ကျွန်မက အမျိုးသမီးဖြစ်လို့ မသက်ဆိုင်ပါဘူး။ အဲဒီလို ရေးလို့  နုတ်ခမ်းစူသွားတဲ့ ညီမငယ်အတွက် အမှားပြင်လိုက်မယ် နော်....ရွှန်းမီရေ)

3. A boy's Name : Shaheen Jafargoholi ဆိုတဲ့ ချာတိတ်လေးပါ။ ပါးချိုင့်လေးနဲ့ မျက်နှာ ချိုချိုနဲ ခလေး ပါ။ X factor မှာ ၀င်ပြိုင်တဲ့ ခလေးပေါ့။ နားထောင်သွားပါအုန်း။

4. A girl's Name : Saund ကလောင်နာမည် အပြည့်စုံက ဆောင်းဟေမာန် ပါ။

5. An occupation : Student ဆိုပါတော့ ယောင်ခြောက်ဆယ် ကျောင်းသားပါ။

6. A color : Snow color ဖြစ်တဲ့ နှင်းအရောင် အဖြူပေါ့နော်။ ဘာအရောင်ကို မှ သီးသန့် ကြိုက်တာ မရှိပါဘူး။

7. Something you'll wear : Sweater အခု ဆောင်းတွင်းရောက်နေတော့ အနွေးထည် ထူထူ ၀တ်ရတယ်လေ

8. A food : sticky rice .. လောလောဆယ် ဂျပန် Sushi ဆုရှီးဘဲ ပြောပြော၊ တရုတ် ၀က်သားကောက်ညှင်းထုတ် ဘဲ ပြောပြော၊ မြန်မာ ဆီထမင်းဘဲပြောပြော ကို ချက်စားထားတယ်

9. Something found in the bathroom : Slip မဖြစ်အောင် ဆေးထားလိုက်တယ်။ ကြာသာပတေးနေ့ က ဘုန်းကြီးကျောင်းသွားပြီး ဆေးကြော ကုသိုလ်လုပ်ထားတယ်..

10. A place : Space ပေါ့။ လက်တွေ့ မှာ မသွားနိုင်လို့  အဖော်ညှိပြီး အတွေးယာဉ်လေးနဲ့  အာကာသ ခရီး ထွက်တယ်။ အာကာသထဲရောက်မှ ကိုဟိန်းညီ က မလိုက်ရလို့  ခြေဆောင့် စိတ်ကောက်ပြီး (အာဗြဲကြီးနဲ့ ) အော်ငိုလို့ မုန့် လက်ညိုးလေး ပေးပြီး ချော့ရပါသေး။

11. A reason for being late : switch off my (hand phone) alarm. ကျွန်မရဲ့ လက်ကိုင်ဖုံး လေးက အတော် အသံကျယ်လို့  နိုးစက်လုပ်ထားတာပါ။ ဘက်ထရီအားကုန်လို့ ဖုံးပိတ်သွားရင် နိုးစက် အသံမမြည်ဘူး။ ဒါကြောင့် နောက်ကျတယ် ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ပါ

12. Something you'd shout : Sxxx...! တမျိုးမထင်ပါနဲ့  Stop! ပါ
ကြုံတုန်း သတိပေးချင်လို့ ပါ။ အလုပ်ထဲမှာ ဖြစ်နိုင်ရင် Shix ဆိုတဲ့ အသုံးနုန်းကို မသုံးဖို့ ပေါ့။ အချင်းချင်း ဘယ်လိုဘဲ ပြောပြော အရေးကြီးတဲ့ အခန်းထဲမှာ မသုံးပါနဲ့ ။ တချို့  ဌာန တွေမှာ ဆာဗာအခန်းထဲမှာ ကက်ဆက်နဲ့ အသံသွင်းထားတတ်ပါတယ်။ စကားမှား ပြောမိရင် အထုထောင်းခံရ ပါလိမ့်မယ်။

13. A movie title : ရုပ်ရှင် သိပ်မကြည့်တော့ ခေါင်းစဉ်လဲ မှတ်မထားတတ်ဘူး။ Susan Bowel သီချင်းဆိုတာ ကိုတော့ ကြည့်ဖူးပါတယ်

14. Something you drink : Shake (milk shake)... သစ်သီး မ၀ါးချင်ရင် အရည်ဖျော်သောက် ပစ်ပါတယ်။

15. A musical group : Spice girl အဲဒီအဖွဲ့ မှာ ဗစ်တိုးရီးယားက လွဲရင် အကုန်အသံကောင်းလို့  ကြိုက်ပါတယ်။ အဖွဲ့ တခု အနေနဲ့ ဘဲ အောင်မြင်မှာပါ။ သူတို့ တဦးချင်း သီချင်းဆိုတာ မအောင်မြင်ဘူး အခု အဖွဲ့ ပြန်ပေါင်းမယ်တဲ့ ဗစ်တိုးရီးယား မပါဘူးလို့ ပြောပါတယ်။

16. An animal : Shrimp ပုဇွန်ကို ကြော်စားမလား ဖုတ်စားမလား ကင်စားမလားပြုတ်စားမလား အစိမ်းကို သံပုရာရည် ဆမ်းသုတ်စားမလား။

17. A street name : ဘာလမ်းဖြစ်ဖြစ် Street နဲ့ သုံးတာများတာဘဲ မဟုတ်လား

18. A type of car : Suzuki က တော့ ဂျပန်မှာ အကောင်းဆုံးကားပါဘဲ။ ကျွန်မတော့ ကား ၀ယ်မစီးနိုင်လို့  ဘာမှ မရေးတော့ဘူး။ ကားဝယ်စီးရင် ဓါတ်ဆီခ ပါကင်ခ အာမခံခနဲ့  ယောင်ခြောက်ဆယ်ကျောင်းသား အတွက် မသက်သာဘူး။ စီးပွားရေး လုပ်ဖြစ်ရင်တော့ တမျိုးပေါ့။ နီးနီးနားနား လမ်းလျောက်သွားလို့ ရတဲ့ အခြေနေဖြစ်တော့ ကျန်းမာရေးနဲ့ တောင် ညီညွှတ်ပါတယ်။

19. The title of a song : Super trouper ABBA ရဲ့ သီချင်းပါ။ နားထောင်သွားပါအုန်း။

20. A verb : Smile & Sorry အပြုံးကို အမြဲဆောင်နေရတဲ့ အခြေနေမှာပါ။ မကြိုက်လဲပြုံး စိတ်ဆိုးလဲပြုံး၊ ကိုယ်မှားလဲ တောင်းပန် သူမှားလဲ တောင်းပန် နေရတဲ့ customer service မှာလုပ်နေရလို့ ပါ။


Addition:

21. I like : Precious Stone! Sparkler diamond

22. My attitude : Straight forward

23. My life : simple life.

24. I want : Sincere friend like me...

25. I want to share my knowledge.

ကဲ ဘယ်သူ့ ကို တက်ရမလဲ မသိဘူး အင်း သိပြီ ကျမကို တက်ထားတဲ့ ထွေးလေး တဖြစ်လဲ www.augustrain26.blogspot.com ကိုဘဲ တက်မှဘဲ


ကျွန်မတို့ မြန်မာ နိုင်ငံက မုန်လာဥအဖြူဆိုရင် ခပ်သေးသေးလေး တွေပါ။ အနောက်နိုင်ငံ (ယူကေ) ရောက်လာတော့ မုန်လာအဖြူ အမျိုးကွဲ အများကြီး တွေ့ ရပါတယ်။ ကျွန်မ ဆောင်းအတွက်တော့ အနောက်နိုင်ငံမှာ တွေ့ ရသမျှ အာရှမှာ မတွေ့  ဖူးတဲ့ အရာ အဆန်းတွေ ချည့်ဘဲဖြစ်လို့  ဗဟုသုတ ဖြစ်စေဖို့  ဝေမျှ လိုက် ပါတယ်။

မဂျာရဲ့ ဆိုဒ်မှာ ဟင်းအလှဆင်ထားတာ လှလို့  သတိရပြီး ဒီပို့ စ်လေး ဖြစ်လာ တာပါ။

Turnip, swede (http://en.wikipedia.org/wiki/Rutabaga), Parsnip, raddish, rutabaga, Kohlrabi (German Turnip) စသဖြင့်ကွဲပြားပါတယ်။

Turnip မြန်မာပြည်က မုန်လာဖြူ

Parsnip ဆိုတဲ့ အနောက်နိုင်ငံက မုန်လာဖြူကတော့ မုန်လာဥအနီ (ခါကြက်ဥ) ပုံစံအတိုင်း ဘဲ။ အ၀ါရောင် ညစ်ထပ်ထပ်နဲ့ လေ။ သူက ပိုချိုပါတယ်။ သူကို အိုဗင်ထဲ ထည့်ဖုတ် ပြီး ဆီမဆမ်း (ဘာမှ မဆမ်း) ဘဲ ဒီအတိုင်းစားကြပါတယ်။


Kohlrabi (German Turnip) ဆိုတဲ့ ဟင်းသီးကို နိုကိုဥလို့ ခေါ်မယ် ထင်တယ်။ မစားဖူးပါဘူး။



rutabaga (သို့ မဟုတ်) swede ဆိုတာ အမြင်မှာ ပိန်းဥနဲ့  အတော်တူပါတယ်။ ဒါးနဲ့  လှီးရင် ခပ်မာမာ ကြွတ်ဆပ်ဆပ် နဲ့  ပါ ။ စားကြည့်တာ မကြိုက်ပါဘူး

raddish ကတော့ မုန်လာဖြူလိုဘဲ နဲနဲ သက်တယ် အနံ့ သိပ်မပြင်းပါဘူး။ အခွံက ပန်းရောင်နဲ့ အတော်လှပါတယ်။ အတွင်းသား ဖြူဖြူနဲ့  အလှဆင်လို့  အကောင်းဆုံးပါ။ မဂျာဆီမှာ နမူနာကြည့်ပါ။ အတွင်းသားက မုန်လာဖြူကို လှီးရသလိုပါဘဲ မမာပါဘူး။ ၀ီကီမှာတော့ အရောင်စုံ ပြထားတာဘဲ ။ တွေ့  ဖူးတာက ပန်းဆီရောင်လေးပါ။ အပေါ်ဆုံးက ပုံပါ။ အနီလုံးလေး တွေ ဆိုတော့ အတော် လှပါတယ်။ အရသာကို တော့ မကြိုက်ဘူး။ မချက်ဘဲ အစိမ်းစားကြပါတယ်။


ဒီနေ့ မုန့် လုပ်စားဖြစ်တယ် ။





အဲဒါ....ဘာလဲ......သိလား.....





မုန့် လုံးရေပေါ်လေ...

ကောက်ညှင်း ငချိတ် နဲ့ အတွင်းမှာ (ထန်းလျက် မရှိတော့) ပဲအချို ဌာပနာ ထည့် ထားတယ်။ တရုတ်တို့  ဂျပန်တို့ က လာတဲ့ မုန့် လို ပေါ့ အတွင်းမှာ ကြာစေ့အနစ် အချို လို မျိုး။

သမရိုးကျ မုန့် လုံးရေပေါ်က အဖြူ ဆန်နစ် အတွင်းမှာ ထန်းညက် အမဲ ထည့်တယ်။

နဲနဲ အသွင်ပြောင်းပေးလိုက်တယ် ။

မဆိုးပါဘူး။စားလို့ ကောင်းသားဘဲ အဆန်းပေါ့။

မျက်လုံး၂လုံးပွင့်ပြီ ဆိုတာနဲ့ ဘလော့ကို စဖွင့်တာပါဘဲ။ (ဒီအကျင့်ဘယ်လို ဖျောက်ရပ့ါ။)

သီတင်းကျွတ်မှာ မရွှေပြည်သူဆီက တရားခွေကို ဒေါင်းလုပ်ပြီး နာပါတယ်။ ဓမ္မသုခဆီက တရား နာယူနိုင်ပါတယ်။

သီတင်းကျွတ်အခါတော်သမယမှာ လူတိုင်း ကိုယ်စိတ်နှစ်ဖြာ ဧချမ်းသာယာ နိုင်ပါစေ။
လိုအင်ဆန္နများ ပြည့်ဝပြီး အခက်ခဲများ အောင်မြင်ကျော်လွှားနိုင်ပါစေ


နံက်စာ စားရင်းနဲ့  အွန်လိုင်း ကမောင်နှမ တွေကို နုတ်ဆက်ပါတယ်။

ညီမလေး တွေက ကျွန်မကို ကတော့ပြီး မုန့် ဖိုးလာတောင်းကြတော့ ပေးရမှာပေါ့လေ..
အင်း အခုဘဲ တင်လိုက်တာပါ။ အွန်လိုင်းမှာ ကတော့တော့ အွန်လိုင်းမှာဘဲ ပိုက်ပိုက်ပြ မယ်နော်။

ဗြိတိသျှ ပိုက်ဆံမှာ ၅၀တန် ၂၀တန် ၁၀တန် ၅ပေါင်တန် အရွက်တွေ ရှိပြီး
အကြွေတွေက ၅၀ပဲနီ ၂၀ ပဲနီ ၁၀ပဲနီ ၅ ပဲနီ ၂ပဲနီ ၁ပဲနီ ရှိပါတယ်။











 
ဆောင်း © 2008. Template Design By: SkinCorner