ဘလော့ဂင်းကို ခေတ္တရပ်ဆိုင်းခြင်း

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ.. အားပေးတာ ကျေးဇူးတင် ပါတယ်ရှင့်။

လိုအပ်သည်များကို အကြံပေးနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ချို့  ယွင်းချက်တွေ့ ရင် အမှားထောက်ပြနိုင်ပါတယ်။

မအားလပ်သဖြင့် ဘလော့ဂင်းခြင်းကို နားထားပြီး လိုအပ်တဲ့အခါ အားလပ်တဲ့ အခါ မှာမှ ပြန်လည် ရေးသား ပါမယ်လို့  ပြောကြားရင်း နုတ်ဆက်လိုက်ပါတယ်။

ကျေးဇူးတင်လျက်
saundoo@gmail.com



ပတ်ချာဘွန်ရီဆိုတဲ့ Phetchaburi ခရိုင်က ဆန်းစခရစ်လို နရီပိုလ်လို့ ခေါ်တဲ့သစ်ပင်နံမည်နဲ့  ဓါတ်ပုံ၃ပုံဟာ အင်တာနက်ထဲမှာ အများကြီးတွေ့ ရပါတယ်။ လောလောဆယ်မှာ နေရာအနံ့ မှာ အဲဒီပုံ၃ပုံဘဲ တွေ့ နေရတော့ စိတ်ထဲ သံသယ ဖြစ်ရပါတယ်။
- ဘာ့ကြောင့် သစ်ပင်တခုလုံးကို မရိုက်ဘဲ အသီးလေးကို ကွက်ပြီး ဓါတ်ပုံရိုက်သလဲ ဆိုတာဘဲ။
- အသီးရဲ့ အညှာက အစိမ်းရောင်ဟာ သစ်ရွက်ရဲ့ အညှာအရောင် နဲ့ မတူတာ တွေ့ ရပါတယ်။
- အသီးရဲ့ အရင်း အကိုင်းနေရာ မှာ သစ်ရွက်ကွယ်နေတာ တွေ့ ရပါတယ်။
- အပင်ရဲ့ အရွက်ကို ကြည့်ရင် သရက်ပင်လား လို ထင်မိပါတယ်။
- အသီးတွေရဲ့ အသွင်ဟန်တွေက အသီးတခုနဲ့ တခုမတူတာ ပါဘဲ။ ဇီဝဗေဒ ပညာမှာ အပင်က အသီးသီးရင် အနဲ ဆုံး ယေဘူယျ အသီးပုံစံ တမျိုးတည်း ရှိရပါတယ်။ ဥပမာ သရက်ပင်တပင်မှာ မချစ်စုအသီး နဲ့  အောင်ဗလ အသီး ရောထွေး မသီးဘူးဆိုတာပါဘဲ။ တကယ်လို့  အဲဒီအပင် ဟာ အစစ်ဖြစ်ခဲ့ရင် လူပုံစံအသီးတွေဟာ ပုံစံအတူတူ ဖြစ်ရပါလိမ့်မယ်။ အခုမြင်ရတာက အသီးတချို့ ဆိုရင် ခါးကုန်းတဲ့ ပုံစံနဲ့  ခြေထောက်ပိုင်းဘဲ ပါပါတယ်။ တခုက လက်ဘေးဘက်ချထားပြီး နောက် အသီးက လက်၂ဘက် ယှက်ထားတာတွေ့ ရပါတယ်။
- ဘာ့ကြောင့် အကိုင်းတိုင်းမှာ မရှိဘဲ ဓါတ်ပုံရိုက်တဲ့ နေရာမှာမှ အသီးတွေ ပြွတ်နေရသလဲ ပြီးတော့ အပင်လုံးပတ်ကို ကြည့်ရင် လူ့ တရပ်အမြင့်မှာ အသီးတွေရိုက်ထားပြီး သရက်ပင်လောက်မြင့်မဲ့ အပင်လို့ မှန်းကြည့်မိပါတယ်။ ဆောင်းမြင်ဘူးကြားဘူးတဲ့ သူယောင်ပင်က ခြုံလိုအပင်မျိုးပါ အပင် အမြင့်ဆုံးတောင် လူတရပ်လောက်ဘဲ ရှိလို့  သရက်ပင်လောက် နီးပါး မမြင့်နိုင်ပါဘူး
မြန်မာဘလော့တခုထဲမှာ တရုပ်ပြည်က ဂျင်ဆင်း သစ်မြစ် အကြောင်းရေးထားတာ တောင် ကြည့်နိုင်ပါတယ် သစ်ဖုတွေရဲ့
-လူပုံသဏာန်တူတာတောင် ခြေလက်တွေ ထိပ်မှာ လုံးဝိုင်းတဲ့ အရာလောက်ဘဲ ပါပါတယ်။ အခု သူယောင်ပင်ရဲ့ အသီးမှာ ရှိတဲ့ အဖုအဖောင်းနေရာတွေ က ပလစ်စတစ်အရုပ်လို အတိအကျနဲ့  ခြေချောင်းလေး တွေတောင် မြင်ရပါတယ်။ ဘယ်လိုဘဲ အသီးတွေ လူ(သို့ )တိရိစ္ဆာန်နဲ့ တူပေအုန်းတော့ ခြေထောက် အချောင်းရေ အတိအကျ ပုံပေါ်ဖို့ ဆိုတာ မလွယ်ဘူးလို့ ထင်ပါတယ်။

ဒါ့ကြောင့် ဒီပုံတွေ ဟာ ကောလဟလ ဖြစ်မယ်လို့ ယူဆရပါတယ်။ ဆောင်းလဲ အချိန် အကုန်ခံရှာပြီး ဆောင်းပါးတခုကို ဖတ်မိလို့  တင်ပေးလိုက်ပါတယ်။

တကယ်လို့ များ ကိုကမ္ဘာမကြေ အနေနဲ့ လက်တွေ့ မြင်ခဲ့ရလို့ ဓါတ်ပုံရိုက်ခဲ့တယ်ဆိုရင် သိချင်ပါရဲ့။

ငယ်ငယ်က ဆောင်းကို ထိန်းပေးခဲ့တဲ့ အမကြီးက သူတို့ ရွာမှာ သူယောင်သီးရှိတယ်လို့ ပြောပါတယ်။ လူပုံစံလိုဘဲ ဆိုပေမဲ့ ဘူးသီးလေး လိုအလုံးလေးတွေပါဘဲ အခုမြင်ရတဲ့ အသီးလို ပလစ်စတစ်အရုပ်လိုမျိုး မဟုတ်ပါဘူး။ အသီးက ၃လက်မလောက် ရှိပါတယ်။ ဆောင်းငယ်ငယ်က မြင်ဘူးတဲ့ အသီးဆိုရင် မန်ကျည်းသီး လေးလိုဘဲ။ လူပုံစံလို ဆင်ဆင်တူပေမဲ့ မျက်နာ လက်ကိုယ် ခြေထောက် အတိအကျ မရှိပါဘူး။ အသီးတွေက တွဲလောင်းလေးတွေပါဘဲ။

ပထမ ပိုင်းရေးခဲ့တာတွေ အတွက် ခွင့်လွှတ်ပါ။

1 comments:

kabrmakyay said...

သူယောင်သီးကိုလွန်ခဲ့တဲ့၅နှစ်လောက်က အိမ်ကိုကြွလာတဲ့ ရဟန်းတော်တပါးထံမှာတွေ့ ဖူးပါတယ်
ဓါတ်ပုံရိုက်ူထားပေမဲ့ သိမ်းထားတဲ့ ဖိုင်မမှတ်မိတော့ဘူး အရွယ် ဂ”လက္မ လောက်ရှိတယ်
ထိုင်းလို - နလီပိုး NAREE POL "Nareepol"လို့ ခေါ်သတဲ့ အဲဒီကိုယ်တော်ကဗန်ကောက်အနားက ချုပ်ချိုင်းစွန်ဆိုတဲ့မြို့ မှာနေတာမို့  ဆက်သွယ်ကြည့်ပါမယ်။ လောလောဆယ် အောက်ပါလင့်မှာတွေ့ ထားတာရှိလို့ ပေးလိုက်တယ်။အသုံးတဲ့မလားတော့မသိဘူးပေါ့
http://209.85.175.104/search?q=cache:HdRKS0HdDYcJ:www.indoforum.org/showthread.php%3Ft%3D45630+narepol&hl=en&ct=clnk&cd=1

http://www.indoforum.org/showthread.php?t=45630

Post a Comment

 
ဆောင်း © 2008. Template Design By: SkinCorner