အတွေး ယာဉ်ကလေး နှင့် အတူ - ဇတ်သိမ်းပိုင်း

4/13/2009 05:55:00 AM 23 Comments »

With IMAGINARY Spaceship - ဇတ်သိမ်းပိုင်း

Thank you for visiting to my saundoo blog and enjoy exploring with Myanmarastronomy blog.


သင်္ကြန် အမှတ်တရ..


ကျွန်မတို့  အချက်အလက်တွေ ပြင်ဆင်ပြီးတဲ့ အခါမှာ ဘိုသိန်းက အပြီးသတ် အချက်လက် တွေ ကို မြေပြင်စခန်းကို ပို့ ပါတယ်။ မြေပြင်စခန်း က နေ ပြီး ညွှန်ကြားချက်တွေ ပြန်လာ ပါပြီ။ အားလုံး အသင့် ပြင်ရ ပါတယ်။

ပစ္စည်းနဲ့  စက်ကိရိယာ အားလုံးကို နေထားတကျ ထားပြီး အာကာသ ၀တ်စုံအပြည့်နဲ့  ယာဉ်ရဲ့ ထိုင်ခုံမှာ နေရာယူ ခါးပတ် အသေချာ ပတ်လိုက်ပါတယ်။ အချက်ပြမီးတွေ စစ်ဆေးပြီး ခလုတ်တွေကို ဖွင့်လိုက် ပါတယ်။ အသက်ကယ် ပိုက်တွေပါ တပ်ထား ကြပါတယ်။

ပိုင်းလော့ ကိုခွန်းရဲ့ ယာဉ်စတင် မောင်းနှင်ပြီ ဆိုတဲ့ သတိပေးချက် ထွက်လာပါတယ်။ ကျွန်မတို့ ရဲ့ ယာဉ်လေးဟာ သာမာန် ကမ္ဘာအတွင်းဘက် ပြန်ဝင်နေကျ ပုံစံ မဟုတ်ကြောင်း၊ ဆွဲငင်အား တခုခု ရှိနေကြောင်း မြေပြင် စခန်းက ကိုဟိန်းညီက သတင်းပို့ လာပါတယ်။ ဒါကြောင့် မမြင်နိုင်တဲ့ အားတွေ ကို ဆန့် ကျင်ထွက်ဖို့  ကြိုးစားနေရပါပြီ။

ကိုဟဲ က ယာဉ်ရဲ့ အစိတ်အပိုင်းတွေ ပုံမှန် အတိုင်းဖြစ်ဖို့ မကြာခန စစ်နေရသလို ပတ်ဝန်းကျင်ကိုလည်း ကြည့်နေ ရပါတယ်။ ကိုခွန်း ဘေးကပ်လျက် ထိုင်ခုံက ဘိုသိန်းက တော့ ရေဒါမှာ ပေါ်လာတဲ့ အချက်လက်တွေ ကြည့်ပြီး ကိုခွန်းကို ကူညီ နေပါတယ်။

တဖြည်းဖြည်းနဲ့  ကျွန်မတို့ ရဲ့ GEO ပတ်လမ်း ကနေ LEO ဘက် ကို တဖြည်းဖြည်း ချည်းကပ်လာပါတယ်။ ကမ္ဘာ့ ထဲ မ၀င်ခင်မှာ ကိုခွန်းက ရေဒါက ဒေတာကို ဘိုသိန်းနဲ့ ကိုဟဲကို ပေးပါတယ်။ ကိုဟဲ နဲ့ ဘိုသိန်းက အန္တရယ်ခါးပတ်တွေ ကို ရှောင်ရှားဖို့  ဒေတာတွေကို တွက်ချက်နေရပါတယ်။

အဲဒီ ကမ္ဘာ့ အပြင်ဘက် မှာ ကပ်လျက် ရှိနေတဲ့ အန္တရယ်ခါးပတ်တွေ ကတော့ အီလက်ထရွန်တိမ် နဲ့  ပရိုတွန်ခါးပတ် ခေါ်တဲ့ Electric charged partical cloud (plasma) တွေ ဖွဲ့ စည်းထားတဲ့ Van Allen Belt ပါ။ အဲဒီ ခါးပတ်တွေကို Magnetic field တွေက ထိန်းချုပ်ထားပါတယ်။ ကမ္ဘာကြီးရဲ့ လိမ္မော်သီးသဏ္ဍန် ပုပြဲပြဲ ပုံကို သံလိုက်လမ်းကြောင်းတွေက ပတ်ရံထား ပါတယ်။ မြေပြင်ရဲ့ ပုံသဏ္ဍန်ကြောင့် သံလိုက်လမ်းကြောင်း ပြင်းအား တွေဟာ မြေပြင် တနေရာနဲ့ တနေရာ မတူညီပါဘူး။

နေနဲ့ နီးတဲ့ နေရာပိုင်းမှာ နေရောင်ခြည်က ထွက်လာတဲ့ ဆိုလာမုန်တိုင်းတွေ ကြောင့် ပလာစမာတိမ်တိုက် (plasma) ဟာ ကျုံ့ နေပြီး နေနဲ့ ဝေးတဲ့ဘက်မှာတော့ ရှည်လျားတဲ့ အမြှီးတန်းဖြစ်နေပါတယ်။ အဲဒီ ပုံမတူတဲ့ ပြင်းအား ၂ခုအကြား မှာ အဲဒီ အန္တရယ်ခါးပတ်ဟာ ပုန်းရှိုး ကွယ်ရှိုးနဲ့ ဒုက္ခပေးဖို့  စောင့်ကြပ်နေတာပေါ့။ အဲဒီ အန္တရယ်ခါးပတ် ရဲ့ လွတ်နေတဲ့ အကွာအဝေး ကျဉ်းကျဉ်းလေး အတွင်းကတဆင့် ကမ္ဘာထဲ ပြန်ဝင်ရမှာပါ။ တကယ်လို့ အတွက်မှားလို့  အန္တရယ်ခါးပတ်ထဲ ရောက်သွားခဲ့ရင် ယာဉ်ထဲက စက်တွေ အားလုံး ပျက်စီးရုံ မကပါဘူး။ လူတွေပါ အသက်အန္တရယ် နဲ့ ပြေးမလွတ်ပါဘူး။

မကြာခင်မှာ အဖွဲ့ သားတွေရဲ့ တက်ညီလက်ညီ ကြိုးစားမှု့နဲ့  အတွေးယာဉ်လေးဟာ ကမ္ဘာအနီး ကို တဖြည်းဖြည်း ရောက်ရှိလာပါတယ်။

ကိုခွန်းက ကမ္ဘာ့ လေထုထဲကို ပြန်ဝင်တော့မယ် ဆိုတဲ့ သတင်း ပို့ လာပါတယ်။ အဲဒီ အချိန်ဟာ ကျွန်မတို့  သေမင်းနဲ့  ယှဉ်ပြိုင်ရတဲ့ အမြင့်ဆုံးအချိန်ဆိုပါတော့။

အတွေးယာဉ် Spaceship ဟာအန္တရယ် ကင်းလှတယ် ဆိုပေမဲ့ မပျက်မစီးဘဲ အသက်နဲ့ ကိုယ် တွဲ ပြန်ဝင်ဖို့  ပိုင်းလော့ရဲ့ ကျွမ်းကျင်မှု့ ပေါ် အများကြီး မူတည်နေပါတယ်။

အဲဒီအချိန်မှာ အချက်ပြမီးထပ်လင်းလာတဲ့ အတွက် ကျွန်မတို့ လက်ကိုင်မောင်းတွေ ကို ခပ်တင်းတင်းဆုပ်ကိုင် လိုက်ကြပါတယ်။ ယာဉ်လေးဟာ မူလ လမ်းကြောင်းကနေ ၁၈၀ ဒီဂရီ ဦးတည်ချက် ပြောင်းလိုက်ပါတယ်။

၁မိနစ် ခန့် အကြာမှာ မီးထပ်လင်းလာပါတယ်။ ယာဉ်လေးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါပြီ။ ယာဉ်လေးဟာ ဘယ်ဘက်ကို စက်ဝိုင်းခြမ်းပုံ ကွေ့ ဝိုက်ပြီး မောင်းနေပါတယ်။

အချက်ပြ မီး ထပ်လင်းလာပါတယ်။ ယာဉ်လေး ဟာ ညာဘက်ကို ဦးတည်ပြီး စက်ဝိုင်းခြမ်းပုံ ကွေ့ ဝိုက်ပြီး မောင်းနေပါတယ်။ မြွေလိမ်မြွေကောက် မောင်းနှင်နေရတဲ့ အတွက် ကျွန်မတို့ ကိုယ်ခန္ဓာဟာ ယာဉ်ကလေးနဲ့ အတူ လည်ပတ် နေရပါတယ်။

အချက်ပြ မီးထပ်လင်း လာပါတယ်။ လေထုအတွင်းပိုင်းထဲကို အောင်မြင်စွာ ရောက်လာတဲ့ အတွက် ကမ္ဘာ့ ဆွဲငင်အား၊ ကို ဆန့် ကျင်ဖို့  လေထုရဲ့ တွန်းကန်အားကို အသုံးပြုပြီး ယာဉ်ရဲ့ အရှိန်ကို လျော့ချလိုက်ပါတယ်။ ယာဉ်ရဲ့ အမြီးပိုင်းက နေ ပြီး လေထီးထွက် လာပြီး ယာဉ်ကလေးကို လေထု တွန်းကန်အားနဲ့  အရှိန်လျော့ချလိုက်ပါတယ်။ ဒီအခါမှာ သာမာန် လေယာဉ်ပျံမောင်းသလို စတင် မောင်းနှင်နေပါတယ်။

အဲဒီအချိန်မှာ မြေပြင်စခန်းက ဌာနမူးကြီး ကိုပြည့်ဖြိုးရဲ့ နှတ်ဆက် ချီးကျူးအားပေးစကား ကြားလိုက်ရပါတယ်။

မင်္ဂလာ နစ်သစ်သင်္ကြန်မှာ မြန်မာ အာကာသပညာရှင်တွေရဲ့ အောင်မြင်တဲ့ အာကာသခရီး အတွက် ဂုဏ်ယူပါတယ် ဆိုတဲ့ စကားပါ။

ယာဉ်ကလေးဟာ တဖြည်းဖြည်းနဲ့ အောင်ဆန်းအာကာသစခန်း နားကို ချည်းကပ်လာပါတယ်။ မီးပြတိုက် က လည်း လေကြောင်း ကင်းရှင်းကြောင်း သတင်းပို့ သံကြားပြီးတဲ့ တခဏမှာ....

ကျွန်မရဲ့ အကြား အမြင် အသိ အာရုံဟာ မှောင်အတိ ကျသွားပါတော့တယ်.......

...........
...........
...........
...........



မှတ်ချက်။ ။ ထွေးလေး ရဲ့ မမရေ စိတ်ကူးယဉ်ကြရအောင် လို့ တက်လာတဲ့ TAG POST လေးဟာ ဒီနေရာမှာ နိဂုန်းချုပ်အပ်ပါတယ်။

စာဖတ်သူ အပေါင်း နစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ၊ ကံကောင်းပါစေ၊ ရွှင်လန်းချမ်းမြေ့ပြီး အရာရာ အောင်မြင်မှု့ များ ရနိုင်ပါစေလို့ ဆန္ဒပြုရင်း..



အမျိုးသမီး ဇတ်လိုက်များ

ဆောင်း
ထွေးလေး
မခင်ဦးမေ
ပေါက်
မသိဂီနွယ်
မသီတာနဲ့ ကိုရေချမ်း
ညီမလေး နန်းညီ
မစုဘူးအိမ်
မအိမ်လွမ်းသူ
နှင်းလေး
မလုလု
မရှင်မင်း


အမျိုးသား ဇတ်လိုက်များ

ဘိုသိန်း
ကိုခွန်း
ကိုငရဲ ခေါ် ကိုဟဲ
ကိုတွင်းပိုး
ဖိုးသားလေး
ကိုရှင်ရဲထွတ်
ကိုသမိန်ဗရမ်း
ကိုဂင်ကြီး
ကိုအောင်သာငယ်
ကို ကိုကိုမောင်
ကိုရောင်ဂန်း
ကိုလောရှည်
ကိုပြည့်ဖြိုး
ကိုမီးပြတိုက်
ကို ကောင်းကင်ကို
ကိုဒေါင်းမင်း
ကိုပီတာ
ဒေါက်တာစတိအဲဗားဂရင်း
ကိုဟိန်းညီ
အဇ္ဈတ္တပြခန်း
ကိုညီ

တို့ အားလုံးကို ပိုစ်ထဲ ထည့်ရေးခွင့်ပြုခြင်း ကို ကျေးဇူးတင်စွာဖြင့်

(လွန်တာရှိ ၀န်တာမိပါလို့ ပြောကြားရင်း) ...


ဆောင်း

ကျွန်မရဲ့ ပို့ စ်ထဲမှာ အမှားများပါလာခဲ့ရင် လိုအပ်တာများတွေ့ ခဲ့ရင် ထောက်ပြ အကြံပေးပါလို့  မေတ္တာ ရပ်ခံ အပ်ပါတယ်ရှင့်

Part 17
Part 1

Reference:

http://science.howstuffworks.com/space-shuttle7.htm
http://arxiv.org/ftp/physics/papers/0701/0701094.pdf
http://en.wikipedia.org/wiki/Spacecraft_propulsion
http://en.wikipedia.org/wiki/Reusable_launch_system
http://en.wikipedia.org/wiki/Atmospheric_reentry
http://en.wikipedia.org/wiki/Van_Allen_radiation_belt
http://en.wikipedia.org/wiki/Space_weather

23 comments:

khin oo may said...

ဖတ်ရုံပါဘဲ။ အမှားမထောက်ပြတတ်ပါ.
သိမှ မသိဘဲ.
:P

Naingko said...

လောင်းတယ်ကွာ...................
ရေလောင်းတယ်...........ရေလောင်းတယ်..... မပြေးနဲ့........ရော့....ရော့...........ကဲကွာာာာဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း......... မပြေးနဲ့ဦး............ တော်ပြီကွာ... အိုးမည်းပါသုတ်မယ်............ အားမရတော့ဘူး
ရေကန်ထဲကို တွန်းချတယ်ကွာ..............
ကဲ
သွားပေရော့လဟယ်................
ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးး
ဗွမ်.....းးးးးးးးးးးးးးးးးးးး
ဟားဟားဟား

myatnoe said...

ွှမ်းးးးးးးးးးးးးးးးးးးးးးးး

heinnyi said...

ဟွန်း...
သားကအပေါ်လိုက်ချင်တာပါဆို
အောက်ကစခန်းမှာထားခဲ့တယ်။
တော်ပြီ ခေါ်ဘူး။ မကြီးဆောင်းကို။
း)

heinnyi said...

မကြီး
အခါကြီးရက်ကြီးမှာကုသိုလ်ရေးလေးလုပ်နော်။
သတိပြန်လာပေးတာ။
မေ့သွားလို့။

kokomaung.uk said...

အန်တီဆောင်း.. ဇာတ်သိမ်းသွားပြီပေါ့လေ။
ကျနော်လဲ အန်တီဆောင်းကို ရေလောင်းလိုက်ပါတယ်။
ဗွမ်း ဗွမ်း ဗွမ်း။ ။

ကောင်းကင်ဖြူ said...

နှစ်သသစ်မင်္ဂလာပါရှင်။ ရွင်လန်းချမ်းမြေ့ပါစေ။ သင်္ကြန်ရေလာလောင်းပါတယ်ရှင်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းး :biggrin:

ကောင်းကင်ဖြူ said...

နှစ်သသစ်မင်္ဂလာပါရှင်။ ရွင်လန်းချမ်းမြေ့ပါစေ။ သင်္ကြန်ရေလာလောင်းပါတယ်ရှင်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းး :biggrin:

myatnoe said...

ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း.. ဘွမ်း..ဘွမ်း..ဘွမ်း..ဘွမ်း

megumi said...

အိုးမဲတစ်ခြမ်း၊ မြေဖြူတစ်ခြမ်းလာသုတ်တာ။ ဟိ ဟိ၊ ပြေးပြီ။

kokomaung.uk said...

အန်တီဆောင်းကတော့ စီဘောက်ကလေးတောင် မလုပ်ထားဘူး။ ရေလောင်းချင်တာတောင် ဘယ်မှာ လာလောင်းရမှန်းမသိဘူး။ ဒါကြောင့် ဒီနေရာလာပြီး လောင်းပါတယ်။ ဗွမ်း။ အေးမြစေသတည်း။

tg.nwai said...

ဟယ်.. ဆောင်းရေ.. ဘာဖြစ်လို့ အဆင်းမှာ မှောင်အတိကျသွားရတာလား.. အဆင်ပြေပြေ ဆင်းနိုင်ရဲ့လား...။ မမကွန်ပြောသလိုပဲ..အဟိ..။
space ထဲကိုသွားချင်တဲ့စိတ် roller coaster စီးမိကတည်းက ပျောက်သွားပြီ..

ကဲ ကဲ.. စကားများနေတာနဲ့ သကြားမင်းတောင် ပြန်တက်တော့မယ်..ရေမလောင်းရသေးဘူး.. အဟဲ..ဆောင်းရဲ့ ဒီပို့စ်က ရေလောင်းတဲ့ ပို့စ်ဖြစ်သွားပြီ.. ဆောရီး.. အလစ်မှာ တခါတည်း ခေါင်းက လောင်းချလိုက်မယ်.. ဗွမ်းးးးးး (ဟိုက်..ကိုယ်က ၅ပေ ၂ ပဲ ရှိတာ...မမှီလောက်ဘူးနော်.. )

ဆောင်း said...

မကွန် မသိဂီ ကျေးဇူး
မြတ်နိုး မိုးကောင်းသူ ကိုကိုမောင် ကောင်းကင်ဖြူ မသိဂီ ဗွမ်း
မယ်ဂုမိ ကိုန်ုင်ကို ကောင်းပြီး ညည်းတို့ ကို ရွံ့ မံပြီး ပေါင်ပေါင်ဖြူးပေးလိုက်တယ် ဟိဟိ
ကိုဟိန်း အာကာသထဲ ထွက်ပြီးနေတော့ လှည့်ခေါ်လို့ မရဘူးလေ နောက်ပို့ စ်မှာ ထဲ့ရေးပေးမယ်နော် ခေါ်ပါဟယ် စိတ်မကောက်ပါနဲ့  ကောက်တဲ့စိတ်ကို ဒုံးဒုံးဒုံး တူနဲ့ ထုပြီး ဖြောင့်ပေးလိုက်ပြီ
မသိဂီ ယာဉ် က မြေပြင်အရောက်မှာ ကျမ မေ့မြောသွားတယ်လို့ ရေးထားတာပါ။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
ရေလောင်း လိုက်ပါတယ်..

မိုးကောင်းသူ said...

ဆောင်းရေ
နှစ်ဆန်း ၁ရက်နေ့မှာ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံပါစေရှင်။

kokomaung.uk said...

မင်္ဂလာနှစ်သစ်ပါ အန်တီဆောင်း။

Naingko said...

မြန်မာနှစ်သစ်မှာ အာကာသကြီးကို ပြောင်းပြန်လှန်နိုင်ပါစေ :D

သီဟသစ် said...

ပျော်ရွှင်နှစ်သစ် ရင်ခုန်နှစ်သစ်ဖြစ်ပါစေဗျာ

အိမ်လွမ်းသူ said...

ပျော်ရွှင်ခြင်း ပြည့်စုံခြင်း မင်္ဂလာနှစ်သစ် ဖြစ်ပါစေညီမရေ....

Dr. Win Thein said...

မတွေ့တာ အတော်ကြာသွားပြီ မဆောင်း.. နှစ်သစ်မှာ ချမ်းမြေ့ပျော်ရွှင်ပါစေ...

GHOSTBELL said...

Happy New Year Chit Ma Gyi Saund.

မြူးသျှရီ said...

မမဆောင်းရေ.........
လည်လည်ရောက်တယ်နော်

တားမြစ် ထားသော... said...

ဆောင်း။
မရောက်တာကြာလို့ ဖတ်စရာများနေတယ်။
အေးဆေး ပြန်လာဖတ်အုံးမယ်။ အတွေးယဉ်လေးက ဗဟုသုတတွေ ပါနေတာကိုး။

ဘလော့ဂင်း နားတယ်ဆိုပေမဲ့ အမှတ်တရပါပဲ။ တကြော့ပြန်မဲ့နေ့ကို မျှော်နေရအုံးမယ်။

ပျော်ရွှင်အဆင်ပြေပါစေဗျာ။

သုခမိန်(E-Journal)

subuueain said...

ပျော်ရွှင်ပါစေ